Category: JavaScript/ES6

New string methods

By Set Kyar Wa Lar 11 months ago
post image

ဒီနေ့ရေးသားမယ့်အကြောင်းအရာကတော့ ES6 မှာအသစ်ပါလာတဲ့ string methods လေးခုအကြောင်းဘဲဖြစ်ပါတယ်။ ဘာတွေလည်းဆိုရင်တော့ .startsWith() .endsWith() .includes() နဲ့ .repeat() တိုဘဲဖြစ်ပါတယ်။

ကျွန်တော်တို့ .startsWith() ကိုအရင်ရှင်းပြဖို့ရာအတွက် အောက်ဖော်ပြပါ code နမူနာကိုကြည့်လိုက်ပါ…

const MyanmarTaxi = 'AA-12345';
MyanmarTaxi.startsWith('AA-')//true
MyanmarTaxi.startsWith('BB-')//false

အထက်ဖော်ပြပါ code block ရဲ့ဒုတိယအကြောင်းမှာဆိုရင် MyanmarTaxi variable က AA- ဆိုတာနဲ့စလားဆိုပြီး startsWith ကိုသုံးလိုက်တော့ true ဆိုပြီးရပါတယ်။ နောက်တတိယအကြောင်းမှာ BB- နဲ့စသလားဆိုပြီး တစ်ခါပြန်စစ်တော့ false ဆိုပြီးရပါတယ်။ နောက် startsWith method မှာ ဘယ်နှစ်ခုမြောက်က စတာလဲဆိုတာကို အောက်ဖော်ပြပါ code block လိုလည်းစစ်လို့ရပါတယ်။

const nrc = '8/PKHAKHAKA(N)123456'
nrc.startsWith('PKHAKHAKA(N)', 2) // true 

နောက် Method တစ်ခုဖြစ်တဲ့ endsWith() ကို နမူနာနဲ့တကွ ရှင်းပြဖို့ အောက်ဖော်ပြပါ code block ကိုကြည့်လိုက်ရအောင်…

const nrc = '8/PKHAKHAKA(N)123456'
nrc.endsWith('123456') // true 
nrc.endsWith('(N)', 14) // true 

အထက်ဖော်ပြပါ code block မှာဆို ဒုတိယအကြောင်းမှာ ကျွန်တော်တို့ endsWith သုံးပြီးတော့ nrc variable က 123456 နဲ့ဆုံးတော့ true ပေါ့။ နောက် endsWith method မှာဘဲ စာလုံး ၁၄ လုံးရဲ့နောက်ဆုံးစလုံးက (N) နဲ့ဆုံးပါတယ် ဆိုပြီးစစ်လိုက်တော့ ture ရပါတယ်။ အခုဆို startsWithနဲ့ endsWith ကိုနားလည်သွားပြီလို့ထင်ပါတယ်။ နောက် methods နှစ်ခုဖြစ်တဲ့ .includes() နဲ့ .repeat() အကြောင်းကိုရှင်းပြပါ့မယ်။

.includes() method ကတော့ method name အတိုင်းဘဲ string ထဲမှာ ပါလားမပါဘူးလားဆိုတာကို စစ်တာပါ။ အဲ့လိုစစ်တဲ့အချိန်မှာ စာလုံးအသေးအကြီး မှားလို့မရပါဘူး အောက်ဖော်ပြပါ code block နမူနာကိုကြည့်လိုက်ရင် ပိုရှင်းသွားပါလိမ့်မယ်…

const taxi_num = 'AA-123456';
taxi_num.includes('AA')//true
taxi_num.includes('aa')//false

.repeat() method ကလည်း repeat ဆိုတဲ့အတိုင်း string တွေကို repeat လုပ်တာပါ။ အောက်ဖော်ပြပါ နမူနာ code block မှာဆိုရင် hello ဆိုတဲ့ string ကိုသုံးကြိမ် repeat လုပ်ထားတာပါ။

'hello'.repeat(3);
//hellohellohello

string repeat က -1 အကြိမ်အရေတွက် repeat လုပ်မယ်ဆိုရင် Range error တက်မှာပါ။ တကယ်လို့ 3.5 အကြိမ်ဆိုပြီးလုပ်ရင်တော့ integer value 3 ဖြစ်တဲ့သုံးကိုဘဲယူပြီး string ကိုသုံးကြိမ် repeat လုပ်ပေးမှာပါ။ ဒီနေ့ article ကတော့ ဒီလောက်ပါပဲ။ နောက် article တွေမှာဆက်လတ်လေ့လာလိုက်ကြရအောင်။

I am Set Kyar Wa Lar
Follow me on Github or Twitter

Set Kyar Wa Lar
Set Kyar Wa Lar

About Author Section! Coming soon :)