Category: PHP

Destructuring assignment syntax 2

By Set Kyar Wa Lar 10 months ago
post image

ကျွန်တော် အရင် article မှာ destructuring assignment အကြောင်းရှင်းပြပြီးတော့ Object destructuring အကြောင်းကိုလည်း ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ ဒီနေ့မှာတော့ array destructuring အကြောင်းကို နမူနာနဲ့တကွ ရေးသားပြီး ရှင်းပြမှာဖြစ်ပါတယ်။

Destructuring Arrays

ကျွန်တော်တို့ Destructuring Arrays ကလည်း Destructuring Objects လိုပါဘဲ။ အောက်ဖော်ပြပါ နမူနာ code block ကိုကြည့်လိုက်အောင်…

const profile = ['Set Kyar Wa Lar', '@setkyarwalar', '@setkyar'];
const name      = profile[0];
const twitter   = profile[1];
const github    = profile[2];

profile ဆိုတဲ့ array ထဲမှာ name, twitter, github တို့ကို distinct variables ဖြစ်အောင် index နဲ့ variable declare လုပ်ပြီးတော့ assign လုပ်ရပါတယ်။ ဒါကအရင်ကကျွန်တော်တို့လုပ်တဲ့ပုံစံ။ destructuring နဲ့ဆိုဘယ်လိုလဲဆိုတာသိအောင် အောက်ဖော်ပြပါ နမူနာ code block ကိုကြည့်လိုက်ပါဦး

const [ name, age, twitter, github ] = profile;

ကျွန်တော်တို့ object မှာတုန်းက {} ကိုသုံးပြီးတော့ array မှာတော့ []ကိုသုံးပါတယ်။ အခုကျွန်တော်တို့ console.log(name, age, twitter, github); လုပ်လိုက်ရင် ပထမ code block မှာတုန်းက value လိုဘဲရမှာဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့နမူနာက array က value သုံးခုဘဲရှိလို့ variable name ပေးပြီး Destructuring လုပ်ခဲ့တယ်။ တကယ်လို့ array value အများကြီးထဲကမှ ပထမသုံးခုကို variable name ပေးပြီး ကျန်တာတွေအကုန်လုံးကို others ဆိုတဲ့ variable နဲ့ assign လုပ်ချင်တယ်ဆိုရင် ဘယ်လိုလုပ်မလဲဆိုတာသိဖို့ အောက်ဖော်ပြပါ code block ကိုတစ်ချက်ကြည့်လိုက်ကြရအောင်။

var hostel = ['U Mg Mg Hostel', 'U Mg Mg', 'Set Kyar', 'Tain Tain', 'Thi Ha Swe', 'Aung Aung'];
const [name, owner, ...hostel_members] = hostel;

အထက်ဖော်ပြပါ code နမူနာမှာဆိုရင် hostel ဆိုတဲ့ array variable ထဲမှာ ပထမတစ်ခုက အဆောင်အမည်၊ ဒုတိယတစ်ခုက အဆောင်ပိုင်ရှင်အမည်နဲ့ ကျန်တာတွေကအဆောင်သားတွေရဲ့အမည်ဖြစ်ပါတယ်။ ဒါကို Destructuring လုပ်တဲ့အခါမှာ ပထမနဲ့ ဒုတိယကို name, owner လုပ်ပြီးတော့ ကျန်တာတွေအကုန်လုံးကို hostel_members ဆိုပြီး assign လုပ်လိုက်တာပါ။ က JavaScript မှာ Rest parameters လို့ခေါ်ပါတယ်… နာမည်အတိုင်းဘဲ အလုပ်လုပ်ပါတယ် Rest parameters အကြောင်းကို article တစ်ခုအနေနဲ့သတ်သတ်ရေးပါဦးမယ်။ ဒီနေ့ article ကတော့ ဒီလောက်ပါပဲ။ နောက် article တွေမှာဆက်လတ်လေ့လာလိုက်ကြရအောင်။

I am Set Kyar Wa Lar
Follow me on Github or Twitter

Set Kyar Wa Lar
Set Kyar Wa Lar

About Author Section! Coming soon :)