Category: JavaScript/ES6

Default parameters

By Set Kyar Wa Lar 1 year ago
post image

JavaScript မှာ function ရဲ့ parameters default value က undefined ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့အချိန်တွေမှာ မတူညီတဲ့ default value တွေထည့်ရင်ပိုပြီး အဆင်ပြေတဲ့အခြေအနေမှာရှိပါတယ်။ အဲ့လိုအချိန်မျိုးမှာဆို default parameters တွေကအသုံးဝင်ပါတယ်။

function multiply(a, b) {
  b = (typeof b !== 'undefined') ?  b : 1;
  return a * b;
}
multiply(5, 2); // 10
multiply(5, 1); // 5
multiply(5);    // 5

အထက်ဖော်ပြပါ code နမူနာကိုကြည့်လိုက်ရင် ကျွန်တော်တို့အရင်က default parameter value ထည့်ချင်ရင် function ထဲမှာ value က undefined ဖြစ်ရင်ဆိုပြီးစစ်ပြီးမှ အဲ့ value ကို default parameter value set လိုက်ကတာ။ ES6 မှာဆိုရင် default parameter ကို function ထဲမှာထည့်စရာမလိုတော့ဘဲ တစ်ခါတည်း set လုပ်လို့ရသွားပါပြီ။ အောက်ဖော်ပြပါ နမူနာ code block လိုပေါ့။

function multiply(a=1, b = 1) {
  return a * b;
}

multiply(5, 2); // 10
multiply(5, 1); // 5
multiply(5);    // 5

ကျွန်တော်တို့တွက်ဖို့ value က (b=2) ဆိုပြီးဘဲ ပေးထားမယ်ဆိုရင်တော့ multiply(undefined,2) ဆိုပြီး a အတွက် value မပါတဲ့အတွက် undefined ကို pass ပေးရပါမယ်။

ဒီနေ့ article ကတော့ ဒီလောက်ပါပဲ။ နောက် article တွေမှာဆက်လတ်လေ့လာလိုက်ကြရအောင်။

I am Set Kyar Wa Lar
Follow me on Github or Twitter

Set Kyar Wa Lar
Set Kyar Wa Lar

About Author Section! Coming soon :)